သံဝေဇနိယ လေးဌာန
၁။ လုမ္ဗိနီဟု-မည်ပြုသညာ
     ဤနေရာကား-တို့ ဘုရားလောင်း
     သူတော်ကောင်းအား-မွေးဖွားခဲ့ရာ
     မှန်လှတာမို့ -ဦးခိုက်စို့ လေ
     သံဝေဇနိယ တစ်ဌာန။
၂။ဗုဒ္ဓဂယာ-အနီးမှာကား
    မဟာဗောဓိ-မည်ရှိညောင်ပင်
    ပင်ခြေတွင်၌-ပလ္လင်ဗွေနန်း 
ဤစခန်းဝယ်-တက်လှမ်းဗုဒ္ဓ
  ပွင့်ခဲ့ရမို့ -ဦးခိုက်စို့ လေ
  သံဝေဇနိယ နှစ်ဌာန။
၃။ မိဂဒါဝုန်-ဤရိပ်မြုံကား
   လွှမ်းခြုံဓမ္မ-တို့ ဗုဒ္ဓသည်
     ပဉ္စ၀ဂ္ဂီ-ငါးမည်ထေရ
     ဦးဆုံးစ၍-ဓမ္မရေအေး
  အမြိုက်ဆေးကို-တိုက်ကျွေးခဲ့ရာ
 မှန်လှတာမို-ဦးခိုက်စို့ လေ
     သံဝေဇနိယ-သုံးဌာန။
၎။ကုသိနာရုံ-ရဂုံသာမော
    အင်ကြင်းတောကား-ဘုရားမြတ်စွာ
    စိန္တေယျာ၏-ပရိနိဗ္ဗာန်
ဤနေရာမို့ -ဦးခိုက်စို့ လေ
  သံဝေဇနိယ လေးဌာန။
၅။သံဝေဇနိယ-လေးဌာနအား
    ဦးညွတ်တွားက-မလားအပါယ်
    ထက်ပြည်နတ်ရွာ-ရောက်နိုင်တာကြောင့်
    ပူဇာရဟ-ဂုဏ်မှန်းဆ၍
   ဦးချရိုကျိုး-ကျွန်ရှိခိုးသည်
  ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။
ဗုဒ္ဓ (သို့ သို့ မဟုတ်) အနိုင်းမဲ့ အလင်းရောင်
နေဧ။်အလင်း၊ထွန်းပခြင်းကား
နေ့ ခင်း၌သာ၊တောက်ပပါဧ။် ။
လမင်းစန္ဒာ၊ရောင်ရှိန်ဝါကား
ညခါ၌်သာ၊တောက်ပပါဧ။် ၊
ဘုရင်ဆိုတာ၊မင်းတန်ဆာနှင်.
ဆင်ကာမြန်းမှ၊တောက်ပပါဧ။် ၊
အာသဝေါကွာ၊ရဟန္တာကား
ဈန်မှာစီးဝင်၊ချိန်ခါတွင်မှ
တောက်ပပါဧ။် ။
သစ္စာလေးပါး၊မြတ်တရားကို
ပိုင်းခြားထင်ထင်၊သိမြင်ပေလတ်
ဗုဒ္ဓမြတ်စွာ၊စိန္တေယျာကား
အခါမယွင်း၊ပြိုင်ဘက်ကင်းအောင်
အလင်းဆောင်သည်၊
ဂုဏ်ပြောင်တောက်ပ၊
ဝန္ဒာမ .....။
`ဤ အကြောင်းကြောင့် 
ခုခေတ်ချိန်ခါ၊ဤကမ္ဘာဝယ်
ပညာနှလုံး၊စွမ်းကုန်သုံး၍
စည်းရုံးသိမ်းသွင်း၊ပြိုင်ဆိုင်ခြင်းပြု
အနိုင်လုကါ၊ယှဉ်ရတာမို့ 
ပညာရှာဖွေ၊တို.တတွေသည်
ကြိုးစားရှာဖွေ-သင်.သောကြောင့် ..........။
ဘာသန္တရ၊ဟူသမျှကို
အခွင့် ရခိုက်၊လုံ့ လစိုက်၍
နိုက်နိုက်ချွတ်ချွတ်၊တတ်အပ်သင့် ပေ
လူသားတွေသည်
ထွေထွေစိစစ်တတ်သောကြောင်..........။
ဗုဒ္ဓမြတ်စွာ၊သာသနာကို
ရောင်ဝါထွန်းဖို.၊ကြိုးစားစို့ လေ
တို.တတွေသည်
ဗုဒ္ဓသားတော် ဖြစ်သောကြောင်...............။
ဗုဒ္ဓဟောကြား၊"ဓမ္မ"များကို
တိုင်းခြား,ပြည်စုံ၊အကုန်ဝေငှ
ဖြန်.ကြရအောင်"ဓမ္မ" ဟူသည်
အေးမြငြိမ်းချမ်းလှသောကြောင်................။
မင်္ဂလာပါ အိုကမ္ဘာ
မင်္ဂလာဟူသောစကားလုံးကို မြန်မာနိုင်ငံနေရာဒေသအနှံ့ အပြားတွင်ကျယ်ကျယ်ပြန့် ပြန့် သုံးနှုန်းလျက်ရှိသောကြောင့်နေ့ စဉ်နှင်.အမျှ ကြားနေ၇မည်ဖြစ်သည်။ စာသင်ကျောင်းများ၌်လည်းကျောင်းတက်ခေါင်းလောင်းထိုးပြီး၍ ဆရာ၊ဆရာမများစာသင်ခန်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသူ၊ကျောင်းသားအားလုံးမှ မတ်တတ်ရပ်၊လက်ပိုက်ကာ အရိုအသေပြုလျက်”မင်္ဂလာပါ ဆရာ၊ဆရာမ”..ဟု သံပြိုင်နှုတ်ဆက်လေ့ရှိကြ၏ ။ ထို့ အတူ ဆရာ၊ဆရာမများကလည်း”မင်္ဂလာပါ တပည့်တို.” ဟူ၍ပြန်လည်နှတ်ဆက်ကြသည်မှာ တစ်နေ့ တာစာသင်ချိန် စတင်ပြီဖြစ်ကြောင်းကြေငြာလိုက်ခြင်းဟုပင်ဆိုရပေမည်။
ထို.အပြင်ဈေးဆိုင်ခန်းများ၊ဧည့်ခန်းများမှအစဘတ်စ်ကားများ၏ခေါင်းခန်းများ၊အိမ်နံရံများအဆုံးလူများမြင်သာ၊ထင်သာသော နေရာများတွင်လည်း ”မင်္ဂလာပါ” ဟူသောစာတန်းများကို ဒီဇိုင်းအမျိုးမျိုးဖြင့် ရေခြယ်၍ ချိတ်ဆွဲထားသည်ကို တွေ့ ရှိနိုင်ပေသည်။
ဤမျှသာမကသေး -အလှူဒါနပြုလုပ်ကြရာ၌လည်း” အလှူတော်မင်္ဂလာ” ဟုလည်းကောင်း၊လက်ထပ်ထိမ်းမြားရာ၌လည်း ”လက်ထပ်မင်္ဂလာ” ဟုလည်းကောင်း၊အိမ်အသစ်ဆောက်လုပ်ပြီးစီးသောအခါ ပရိတ်တရားတော်နာယူခြင်းကိုလည်း ”အိမ်သစ်တက်မင်္ဂလာ” ဟုလည်းကောင်း၊မင်္ဂလာ ဟူသောစကားလုံးကို တမြတ်တနိုး သုံးနှုံးထားသည်ကို တွေ.မြင်သိရှိကြပြီးဖြစ်ပေလိမ်.မည်။
ရှေးယခင် ဘုရင်မင်းများလက်ထက်တွင်လည်း ”ခေါင်းဆေးမင်္ဂလာ” ၊ ”အဘိသိက်မင်္ဂလာ”၊”လယ်ထွန်မင်္ဂလာ”၊ အစရှိသည်ဖြင့် မင်္ဂလာဟူသောစကားလုံးကို တော်ဝင်နန်းသုံး စကားလုံးအဖြစ် တခမ်းတနား သုံးနှံးခဲ့ကြောင်းမှတ်သားခဲ့ရပေသည်။
မြန်မာလူမျိုးတို့ ၏နယ်ပယ်အသီးသီးတွင် ”မင်္ဂလာ” ဟူသောစကားသည် အဘယ့်ကြောင့်ဤမျှလောက် လွှမ်းမိုးနေရာယူထားရသနည်းဟူမူကား ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ဟုဖြေဆိုခြင်းထက် ”မင်္ဂလသုတ်တော်” ၏ ဂုဏ်ကျေးဇူးကြောင့် ဟုဖြေဆိုရလျှင် ပို၍မှန်ကန်တိကျမည်ဟု ထင်မိသည်။ “မင်္ဂလသုတ်တော်”၏ အနက်အဓိပ္ပါယ်ဆိုလိုချက်များကိုသေချာစတစ်တကျ လေ.လာသိရှိ၊ကျင့်သုံး၊လိုက်နာ၊နေထိုင်မည်ဆိုလျှင် “မင်္ဂလာ” ဟူသောစကားလုံး၏ အနှစ်သာရ ရှိမှူ၊လေးနက်မှု၊အဓိပ္ပါယ်ပြည်.၀မှုတို့ ကိုခံစားသိရှိလာကြပေလိမ့်မည်။
မင်္ဂလာပါ အိုကမ္ဘာ (၂)
မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အားလျော်စွာ မင်္ဂလသုတ်ကိုလည်း လေ့လာသင်ကြားဖူးခဲ့ကြလေ၏။ အဘယ်.ကြောင့်ဆိုသော် လွတ်လပ်ရေးမရမီ ခေတ်ကာလများဆီတုန်းက မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၏လက်ထဲ၌ရှိနေခဲ.လေသည်။ထိုဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများ၏ ပညာသင်ကြားရေး အခြေခံသင်ရိုးတွင်လည်း မင်္ဂလသုတ်သည် အဓိကကျောရိုးမဏ္ဍိုင်အဖြစ် တည်ရှိခဲ့သောကြောင့်ပင်တည်း။ယနေ့ခေတ် လောကီစာသင်ကျောင်းများ၏ ပညာသင်ကြားရေး၌ မင်္ဂလသုတ်ကို သင်ကြားခြင်းမရှိသော်လည်း ထိုစာသင်ကျောင်းများ၌ တွေ့ နေ၇သော ကျောင်းသူ၊ကျောင်းသားအရေး သုံးပါးကိုကြည့်မည်ဆိုပါက (၁)လူမိုက်ကိုမပေါင်းသင်းရေး။(၂)ပညာရှိကိုပေါင်းသင်းရေး။(၃)ပူဇော်ထိုက်သူကိုပူဇော်ရေး ဆိုသည်တို့ မှာ မင်္ဂလသုတ်တော်၌လာရှိသော အစဆုံးသုံးပါးကိုပင်ညွှန်းဆိုထားခြင်းဖြစ်လေ၏။ ထိုမင်္ဂလာသုံးပါးလောက်ကိုပင် လိုက်နာကျင့်သုံးမည်ဆိုစေဦးတော.၊လိုက်နာကျင့်သုံးသူမှန်သမျှ ပညာသင်ကြားရေးကိစ္စတွင်သာမက အခြားအခြားသောလုပ်ငန်းကိစ္စ မှန်သမျှ အောင်မြင်ခြင်း၊ ကြီးပွါးချမ်းသာခြင်းများလက်တွေ့ ကျကျခံစားရရှိပေလိမ့်မည်။
မင်္ဂလာပါ အိုကမ္ဘာ (၃)
မင်္ဂလသုတ်နှင့်ပါတ်သက်၍ ခေတ်အဆက်ဆက် ၇ဟန်းပညာရှိ၊ လူပညာရှိများက ကျမ်းအစောင်စောင် ရေးဖွဲ့ ခဲ့လေ၏၊ ညောင်ရမ်းခေတ် ကုန်ခါနီး ကုန်းဘောင်ခေတ်ဦးပိုင်းတွင် စိန္တကျော်သူဦးသြ ရေးသားသော က၀ိလက္ခဏာသတ်ပုံကျမ်းတွင် “ မင်္ဂလသုတ်၊ဆွမ်းတပုတ်၊သမုတ်ဆိုရိုးမှီ” ဟူ၍ စပ်ဆိုထားထားခဲ့လေ၏၊ မင်္ဂလသုတ်သင်ကြားပေးသည့် ဆရာဘုန်းတော်ကြီးအား ဆွမ်းတစ်ပုတ်ကပ်လှူသင့်ကြောင်း ဆိုရိုးပြုကြသည်ဟု အဓိပ္ပါယ်ရပေ၏၊ ထိုခေတ်အချိန်ကာလ၏ မင်္ဂလသုတ်ကိုတန်ဖိုးထား သင်ယူခဲ့ကြပုံများအား ထင်ဟပ်စေသောစာသားဖြစ်ခဲ့သည်။ ကုန်းဘောင်ခေတ်၌ပင် ဆရာတော်ဦးဗုဓ်က မင်္ဂလသုတ်နိဿယကို ရေးသားခဲ့သည်၊မုံရေွး ဇေတ၀န်ဆရာတော်ဆရာတော်က မင်္ဂလသုတ်ပျို့ ကိုစပ်ဆိုပြန်သည်။ ကိုလိုနီခေတ်၌လည်း နေမျိုးမင်းကျော်ဇေယျဘွဲ့ ခံ သံတော်ဆင့်မင်း ဦးကျော်အေးက မင်္ဂလာပျို့ ကိုခမ်းခမ်းနားနား ဖွဲ့ ဆိုသီကုံးခဲ့ပြန်၏။ ထို့ အပြင်ယနေ့ ခေတ်တွင်လည်း ချမ်းမြေ့ ဆရာတော်က“ချမ်းမြေ့မင်္ဂလာ သင်စရာ” ဟူသောအမည်ဖြင့် ကလေးများဖတ်ချင်စရာရေးသားထားပေ၏၊ စာရေးသူနှင့်စာသင်တိုက် အတူနေခဲ့ဖူးသောနောင်တော်ဦးရာဇိန္ဒ (ရဝေနွယ်-အင်းမ)ကလည်း“မင်္ဂလာအတွေများ”ဟူသောအမည်ဖြင့် မင်္ဂလားတရားများကို ပုံဝတ္ထုလေးများဖြင့်တန်ဆာဆင်လျက် ဖတ်ချင်စဖွယ် ရေးသားသားထားလေ၏၊ ဤသည်တို့ မှာစာရေးသူလက်လှမ်းမှီသမျှသာရှိပေသေး၏၊ အခြားသော လူပညာရှိ၊ရဟန်းပညာရှိ စာဆိုတော်များ၏ မင်္ဂလသုတ်ကို ဖွဲ့ ဆိုထားသောစာအုပ်များရှိပေလိမ့်ဦးမည်။ ယနေ့ မျက်မှောက်ခေတ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏၊ အခန်းကဏ္ဍသည် ခေတ်ကာလအရ မှေးမှိန်လာခဲ့ရသည်မှာ မငြင်းသာသောအချက်ဖြစ်ပေသည်။ သို့ သော်ကျေးလက်တောရွာ အများစု၌ကား မင်္ဂလသုတ်ကို ပို့ ချသင်ကြား၊ရွတ်ဆိုသံများ လွှမ်းမိုးဆဲရှိနေပေသေး၏၊ မြို့ ပြများတွင်လည်း Y.M.B.A ကဲ.သို.သော ဘာသာရေးအသင်းဖွဲ့ များမှ ကြီးမှူးကျင်းပပေးသော မင်္ဂလာစာမေးပွဲများရှိနေခြင်း၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မှ ကြီးမှူးကျင်းပပေးသော ဗုဒ္ဓဘာသာယဉ်ကျေးမှူးစာမေးပွဲများရှိနေသေးခြင်းတို့ ကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားတန်ဆောင်းများ၊ဓမ္မာရုံများ၌ မင်္ဂလသုတ်ပါဠိ၊အနက်၊သံပေါက်၊ပျို့ ၊လင်္ကာ၊ကဗျာသံများ သဲ့သဲ့ကြားနေရဆဲရှိနေခြင်းကပင်လျှင်မြန်မာပြည်၌ မင်္ဂလာတရားတွေ ရှင်သန်နေဆဲ၊ အသက်ဆက်နေဆဲ ဟု ဖြေဆည်ကြည်နူးရပေလိမ့်မည်။ “သင်မှသိ၊သိမှကျင့်၊ကျင့်မှရ” ဟု ရှေးပညာရှင်များမိန့် ဆိုထားခဲ့သည့်အတိုင်း သိအောင်သင်ကြားလေ့လာပြီးသည့်နောက် ကျင့်ကြံအားထုတ်ဖို့ လည်းလိုပါလိမ့်မည်။သို့ မှသာလျှင် ပစ္စုပ္ပန်၊သံသရာ နှစ်ဖြာသောကောင်းကျိုးချမ်းသာများကို ရရှိခံစားနိုင်ပေလိမ့်မည်။ လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါတို့ ၏ဆရာသခင်၊ကျေးဇူးရှင်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သတ္တလောကဟုဆိုအပ်သော သတ္တ၀ါအားလုံး၏ အကျိုးစီးပွါးအလို့ ငှါပွင့်တော်မူလာခြင်း ဖြစ်သည့်အားလျော်စွာ မင်္ဂလသုတ်တရားတော်ကိုလည်း သတ္တလောကကြီး တစ်ခုလုံး မကောင်းမှုဘေးအန္တရာယ် အပေါင်းမှကင်းစင်လွင့်ပျောက်ပါစေခြင်းအကျိုးငှါ ဟောကြားပြသဆုံးမတော်မူခဲ့ရခြင်းဖြစ်ပသည်။
မင်္ဂလာပါ အိုကမ္ဘာ (၄)
ကမ္ဘာလောကကြီး၏ မည်သို့ သောအရပ်ဒေသမှာပင်နေရပါစေ၊မြတ်စွာဘုရားဟောကြားတော်မူခဲ့သော (၃၈)ပါးသောမင်္ဂလာတရားနှင့်အညီ လိုက်နာကျင့်သုံး၊နေထိုင်မည်ဆိုပါက ကျင့်သုံးသူကိုယ်တိုင် ပစ္စုပ္ပန်၊သံသရာ ကြီးပွါးချမ်းသာခြင်းများကို မလွဲ၊မသွေ ခံစား၊စံစားရနိုင်ပေသည်။ ထို့ အတူ ကျင့်သုံးလိုက်နာသူ၏ ၀န်းကျင်၊အဖွဲ့အစည်းများသည်လည်း အေးချမ်းသာယာ ပျော်ရွှင်စရာကောင်းလာပေလိမ့်မည်။ယနေ့ လူသားတွေ တောင့်တမျှော်လင့်နေသော “ငြိမ်းချမ်းချစ်ကြည်စွာ အတူတကွလက်တွဲနေထိုင်ရေး”ဆိုသည်မှာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ရေးပင်မဟုတ်ပါလော။လူသားတိုင်း မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်မည်ဆိုပါက ပြောနေသထက်ပင် လွယ်ကူလှပေ၏၊ ယနေ့ ကျင့်သုံးနေထိုင်လျှင် ယနေ့ ပင်ကမ္ဘာလောကကြီးငြိမ်းချမ်းသာယာလှပပြီး နေချင်စဖွယ်ချက်ချင်းဖြစ်လာပေလိမ့်မည်။မနက်ဖန်ကျင့်သုံးနေထိုင်လျှင် မနက်ဖန်မှ ငြိမ်းချမ်းသာယာလှပပေလိမ့်မည်။ယင်းသည်ပင်လျှင် တရားဓမ္မ၏ သဘာဝဓမ္မ၊နိယာမဓမ္မ၊သိန္ဒိဌိက၊အကာလိကဂုဏ ဖြစ်ပေတော့သည်။
ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာလှပဖို့  ဤကမ္ဘာလောကကြီး၌ နေထိုင်သူလူသားအားလုံးတွင် တာဝန်ရှိပေ၏၊ လူသားအားလုံးမင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ဖို့ အရေးသည် ကမ္ဘာလောကကြီးသာယာလှပဖို့ အရေးပင်ဖြစ်လေသည်။
ထို့ ကြောင့်ကမ္ဘာလောကကြီးကို ငြိမ်းချမ်းသာယာလှပစေလိုသောသူများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာတရားတော်များကို ကမ္ဘာ့လူသားအားလုံးတို့ ထံ လက်ဆင့်ကမ်းဖြန့်ေ၀၇ပေလိမ့်မည်။ထိုသို့ လက်ဆင့်ကမ်းဖြန့် ဝေရာ၌ကား စေတနာဆန္ဒ ပြဌာန်းရုံမျှဖြင့် မလုံလောက်သေးပေ။