မင်္ဂလာပါ အိုကမ္ဘာ (၅)

သက်ဆိုင်ရာလူမျိုးတိုင်း၏ ဘာသာစကားကိုလည်း နားလည်တတ်ကျွမ်းဖို့ ရန်အလွန်အရေးကြီးလှပေ၏။
အောက်ထစ်ဆုံးအားဖြင့် English language လောက်တော့နားလည်တတ်ကျွမ်းဖို့ အထူးလိုအပ်ပေသည်။
အဘယ့်ကြောင့်ဆိုသော် English language သည်နိုင်ငံတကာသုံး International Language   ဖြစ်နေသောကြောင့်     ပင်တည်း ။
English Language ကိုနားလည်တတ်ကျွမ်းထားမည်ဆိုပါက  ကမ္ဘာလှည့်ပတ်သွားလာနိုင်ပေသည်။ ယနေ့ ခေတ်
နိုင်ငံတကာ   ပညာသင်ကြားရေးမူများကို လေ့လာကြည့်မည်ဆိုပါက   English Language ကိုနိုင်ငံတိုင်းက ထည့်သွင်းသင်ကြားနေကြသည်ကိုအထင်အရှားတွေ့ ရပေလိမ့်မည်။
မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ၏ ပညာသင်ကြားရေး၌ကား English Language ကိုထည့်သွင်း သင်ကြား
နေလျက်ရှိသော်လည်း ပရိယတ္တိပညာသင်ကြားရေးဟုခေါ်သော ပထမပြန်၊ဓမ္မာစရိယ စသောရဟန်းတော်များ၏ ပညာသင်ကြားရေး၌ကား A နှင့်တူသောလှည်းထောက်ခွကိုပင်တွေ့ ရလိမ့်မည်
မဟုတ်ပေ။အဘယ့်ကြောင့်ပရိယတ္တိပညာသင်ကြားရေး၌ English Language မထည့်သွင်းရသည်ကို ယနေ့ တိုင်အောင်နားမလည်ပေ။စာရေးသူနည်းတူ မေးခွန်းထုတ်နေခဲ့ကြသောသူများသည်လည်း ဆယ်စုနှစ်ပေါင်းများစွာကြာလာသည့်တိုင်အောင် ယနေ့ အထိ အဖြေမှန်ကို ပြန်လည်ဖြေဆိုပေးမည့်သ
မရှိဖြစ်နေခဲ့ရသည်။နောင်အနာဂတ်တွင် မေးခွန်းထုတ်သံများပိုမိုကျယ်လောင်လာဖို့ ရာရှိပေသည်။
IT ခေတ်ဟုခေါ်ဆိုနေကြသော ယနေ့ မျက်မှောက်၌ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာမျှသာဖြစ်နေရတော့
သည်။ကမ္ဘာကြီး၏ ဘယ်နေရာမှာ ဘာဖြစ်နေသည်ကို ချက်ချင်းသိနေရသောခေတ်ကြီးဖြစ်နေပြီမဟုတ်ပါလော။ Internet ချိတ်ဆက်ပြီး သိနိုင်၊မြင်နိုင် ၊ဆက်သွယ်
နိုင်ပေပြီ။သို့ သော် International Language ဖြစ်သော English Language ကိုတော့နားလည်တတ်ကျွမ်းဖို့ လို
လိုအပ်ပါလိမ့်မည်။"မြန်မာစာသည် ဒို့ စာ၊မြန်မာစကားသည် ဒို့ စကား" တဲ့ သိပ်ကိုမှန်ပါသည်။မြန်မာတစ်
ယောက်အနေနဲ့ ဆိုလျှင်တော့ မြန်မာစာ၊မြန်မာစကားကိုလည်းတတ်ကျွမ်းဖို့ လိုအပ်လှပါသည်၊အခြားနိုင်ငံ
သားတွေနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ဖို့ အတွက် International Language ကိုလည်း နားလည်တတ်ကျွမ်းထား
ဖို့ လိုပါလိမ့်ဦးမည်။မည်းသည့်နိုင်ငံသားကမှ မြန်မာစာနဲ့ မြန်မာစကားဟာ ငါတို့ စာနဲ့ ငါတို့ သာသာစကား
တွေပါဆိုပြီး လာလုယူလိမ့်မည်လို့ ထင်စရာအကြောင်းမရှိနိုင်လောက်ပါပေ။