၁။ လုမ္ဗိနီဟု-မည်ပြုသညာ
ဤနေရာကား-တို့ ဘုရားလောင်း
သူတော်ကောင်းအား-မွေးဖွားခဲ့ရာ
မှန်လှတာမို့ -ဦးခိုက်စို့ လေ
သံဝေဇနိယ တစ်ဌာန။
၂။ဗုဒ္ဓဂယာ-အနီးမှာကား
မဟာဗောဓိ-မည်ရှိညောင်ပင်
ပင်ခြေတွင်၌-ပလ္လင်ဗွေနန်း
ဤစခန်းဝယ်-တက်လှမ်းဗုဒ္ဓ
ပွင့်ခဲ့ရမို့ -ဦးခိုက်စို့ လေ
သံဝေဇနိယ နှစ်ဌာန။
၃။ မိဂဒါဝုန်-ဤရိပ်မြုံကား
လွှမ်းခြုံဓမ္မ-တို့ ဗုဒ္ဓသည်
ပဉ္စ၀ဂ္ဂီ-ငါးမည်ထေရ
ဦးဆုံးစ၍-ဓမ္မရေအေး
အမြိုက်ဆေးကို-တိုက်ကျွေးခဲ့ရာ
မှန်လှတာမို-ဦးခိုက်စို့ လေ
မှန်လှတာမို-ဦးခိုက်စို့ လေ
သံဝေဇနိယ-သုံးဌာန။
၎။ကုသိနာရုံ-ရဂုံသာမော
အင်ကြင်းတောကား-ဘုရားမြတ်စွာ
စိန္တေယျာ၏-ပရိနိဗ္ဗာန်
ဝင်စံကြွချီ-ချုပ်ငြိမ်းသည်မှာ
ဤနေရာမို့ -ဦးခိုက်စို့ လေ
သံဝေဇနိယ လေးဌာန။
၅။သံဝေဇနိယ-လေးဌာနအား
ဦးညွတ်တွားက-မလားအပါယ်
ထက်ပြည်နတ်ရွာ-ရောက်နိုင်တာကြောင့်
ပူဇာရဟ-ဂုဏ်မှန်းဆ၍
ဦးချရိုကျိုး-ကျွန်ရှိခိုးသည်
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။