ထို.အပြင်ဈေးဆိုင်ခန်းများ၊ဧည့်ခန်းများမှအစဘတ်စ်ကားများ၏ခေါင်းခန်းများ၊အိမ်နံရံများအဆုံးလူများမြင်သာ၊ထင်သာသော နေရာများတွင်လည်း ”မင်္ဂလာပါ” ဟူသောစာတန်းများကို ဒီဇိုင်းအမျိုးမျိုးဖြင့် ရေခြယ်၍ ချိတ်ဆွဲထားသည်ကို တွေ့ ရှိနိုင်ပေသည်။
ဤမျှသာမကသေး -အလှူဒါနပြုလုပ်ကြရာ၌လည်း” အလှူတော်မင်္ဂလာ” ဟုလည်းကောင်း၊လက်ထပ်ထိမ်းမြားရာ၌လည်း ”လက်ထပ်မင်္ဂလာ” ဟုလည်းကောင်း၊အိမ်အသစ်ဆောက်လုပ်ပြီးစီးသောအခါ ပရိတ်တရားတော်နာယူခြင်းကိုလည်း ”အိမ်သစ်တက်မင်္ဂလာ” ဟုလည်းကောင်း၊မင်္ဂလာ ဟူသောစကားလုံးကို တမြတ်တနိုး သုံးနှုံးထားသည်ကို တွေ.မြင်သိရှိကြပြီးဖြစ်ပေလိမ်.မည်။
ရှေးယခင် ဘုရင်မင်းများလက်ထက်တွင်လည်း ”ခေါင်းဆေးမင်္ဂလာ” ၊ ”အဘိသိက်မင်္ဂလာ”၊”လယ်ထွန်မင်္ဂလာ”၊ အစရှိသည်ဖြင့် မင်္ဂလာဟူသောစကားလုံးကို တော်ဝင်နန်းသုံး စကားလုံးအဖြစ် တခမ်းတနား သုံးနှံးခဲ့ကြောင်းမှတ်သားခဲ့ရပေသည်။
မြန်မာလူမျိုးတို့ ၏နယ်ပယ်အသီးသီးတွင် ”မင်္ဂလာ” ဟူသောစကားသည် အဘယ့်ကြောင့်ဤမျှလောက် လွှမ်းမိုးနေရာယူထားရသနည်းဟူမူကား ဗုဒ္ဓဘာသာနိုင်ငံဖြစ်သောကြောင့် ဟုဖြေဆိုခြင်းထက် ”မင်္ဂလသုတ်တော်” ၏ ဂုဏ်ကျေးဇူးကြောင့် ဟုဖြေဆိုရလျှင် ပို၍မှန်ကန်တိကျမည်ဟု ထင်မိသည်။ “မင်္ဂလသုတ်တော်”၏ အနက်အဓိပ္ပါယ်ဆိုလိုချက်များကိုသေချာစတစ်တကျ လေ.လာသိရှိ၊ကျင့်သုံး၊လိုက်နာ၊နေထိုင်မည်ဆိုလျှင် “မင်္ဂလာ” ဟူသောစကားလုံး၏ အနှစ်သာရ ရှိမှူ၊လေးနက်မှု၊အဓိပ္ပါယ်ပြည်.၀မှုတို့ ကိုခံစားသိရှိလာကြပေလိမ့်မည်။