မင်္ဂလာပါ အိုကမ္ဘာ (၂)


မြန်မာအများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အားလျော်စွာ မင်္ဂလသုတ်ကိုလည်း လေ့လာသင်ကြားဖူးခဲ့ကြလေ၏။ အဘယ်.ကြောင့်ဆိုသော် လွတ်လပ်ရေးမရမီ ခေတ်ကာလများဆီတုန်းက မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၏လက်ထဲ၌ရှိနေခဲ.လေသည်။ထိုဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်းများ၏ ပညာသင်ကြားရေး အခြေခံသင်ရိုးတွင်လည်း မင်္ဂလသုတ်သည် အဓိကကျောရိုးမဏ္ဍိုင်အဖြစ် တည်ရှိခဲ့သောကြောင့်ပင်တည်း။ယနေ့ခေတ် လောကီစာသင်ကျောင်းများ၏ ပညာသင်ကြားရေး၌ မင်္ဂလသုတ်ကို သင်ကြားခြင်းမရှိသော်လည်း ထိုစာသင်ကျောင်းများ၌ တွေ့ နေ၇သော ကျောင်းသူ၊ကျောင်းသားအရေး သုံးပါးကိုကြည့်မည်ဆိုပါက (၁)လူမိုက်ကိုမပေါင်းသင်းရေး။(၂)ပညာရှိကိုပေါင်းသင်းရေး။(၃)ပူဇော်ထိုက်သူကိုပူဇော်ရေး ဆိုသည်တို့ မှာ မင်္ဂလသုတ်တော်၌လာရှိသော အစဆုံးသုံးပါးကိုပင်ညွှန်းဆိုထားခြင်းဖြစ်လေ၏။ ထိုမင်္ဂလာသုံးပါးလောက်ကိုပင် လိုက်နာကျင့်သုံးမည်ဆိုစေဦးတော.၊လိုက်နာကျင့်သုံးသူမှန်သမျှ ပညာသင်ကြားရေးကိစ္စတွင်သာမက အခြားအခြားသောလုပ်ငန်းကိစ္စ မှန်သမျှ အောင်မြင်ခြင်း၊ ကြီးပွါးချမ်းသာခြင်းများလက်တွေ့ ကျကျခံစားရရှိပေလိမ့်မည်။

Leave a Reply