မင်္ဂလာပါ အိုကမ္ဘာ (၃)

မင်္ဂလသုတ်နှင့်ပါတ်သက်၍ ခေတ်အဆက်ဆက် ၇ဟန်းပညာရှိ၊ လူပညာရှိများက ကျမ်းအစောင်စောင် ရေးဖွဲ့ ခဲ့လေ၏၊ ညောင်ရမ်းခေတ် ကုန်ခါနီး ကုန်းဘောင်ခေတ်ဦးပိုင်းတွင် စိန္တကျော်သူဦးသြ ရေးသားသော က၀ိလက္ခဏာသတ်ပုံကျမ်းတွင် “ မင်္ဂလသုတ်၊ဆွမ်းတပုတ်၊သမုတ်ဆိုရိုးမှီ” ဟူ၍ စပ်ဆိုထားထားခဲ့လေ၏၊ မင်္ဂလသုတ်သင်ကြားပေးသည့် ဆရာဘုန်းတော်ကြီးအား ဆွမ်းတစ်ပုတ်ကပ်လှူသင့်ကြောင်း ဆိုရိုးပြုကြသည်ဟု အဓိပ္ပါယ်ရပေ၏၊ ထိုခေတ်အချိန်ကာလ၏ မင်္ဂလသုတ်ကိုတန်ဖိုးထား သင်ယူခဲ့ကြပုံများအား ထင်ဟပ်စေသောစာသားဖြစ်ခဲ့သည်။ ကုန်းဘောင်ခေတ်၌ပင် ဆရာတော်ဦးဗုဓ်က မင်္ဂလသုတ်နိဿယကို ရေးသားခဲ့သည်၊မုံရေွး ဇေတ၀န်ဆရာတော်ဆရာတော်က မင်္ဂလသုတ်ပျို့ ကိုစပ်ဆိုပြန်သည်။ ကိုလိုနီခေတ်၌လည်း နေမျိုးမင်းကျော်ဇေယျဘွဲ့ ခံ သံတော်ဆင့်မင်း ဦးကျော်အေးက မင်္ဂလာပျို့ ကိုခမ်းခမ်းနားနား ဖွဲ့ ဆိုသီကုံးခဲ့ပြန်၏။ ထို့ အပြင်ယနေ့ ခေတ်တွင်လည်း ချမ်းမြေ့ ဆရာတော်က“ချမ်းမြေ့မင်္ဂလာ သင်စရာ” ဟူသောအမည်ဖြင့် ကလေးများဖတ်ချင်စရာရေးသားထားပေ၏၊ စာရေးသူနှင့်စာသင်တိုက် အတူနေခဲ့ဖူးသောနောင်တော်ဦးရာဇိန္ဒ (ရဝေနွယ်-အင်းမ)ကလည်း“မင်္ဂလာအတွေများ”ဟူသောအမည်ဖြင့် မင်္ဂလားတရားများကို ပုံဝတ္ထုလေးများဖြင့်တန်ဆာဆင်လျက် ဖတ်ချင်စဖွယ် ရေးသားသားထားလေ၏၊ ဤသည်တို့ မှာစာရေးသူလက်လှမ်းမှီသမျှသာရှိပေသေး၏၊ အခြားသော လူပညာရှိ၊ရဟန်းပညာရှိ စာဆိုတော်များ၏ မင်္ဂလသုတ်ကို ဖွဲ့ ဆိုထားသောစာအုပ်များရှိပေလိမ့်ဦးမည်။ ယနေ့ မျက်မှောက်ခေတ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏၊ အခန်းကဏ္ဍသည် ခေတ်ကာလအရ မှေးမှိန်လာခဲ့ရသည်မှာ မငြင်းသာသောအချက်ဖြစ်ပေသည်။ သို့ သော်ကျေးလက်တောရွာ အများစု၌ကား မင်္ဂလသုတ်ကို ပို့ ချသင်ကြား၊ရွတ်ဆိုသံများ လွှမ်းမိုးဆဲရှိနေပေသေး၏၊ မြို့ ပြများတွင်လည်း Y.M.B.A ကဲ.သို.သော ဘာသာရေးအသင်းဖွဲ့ များမှ ကြီးမှူးကျင်းပပေးသော မင်္ဂလာစာမေးပွဲများရှိနေခြင်း၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ မှ ကြီးမှူးကျင်းပပေးသော ဗုဒ္ဓဘာသာယဉ်ကျေးမှူးစာမေးပွဲများရှိနေသေးခြင်းတို့ ကြောင့် ဘုန်းတော်ကြီးကျောင်းများ၊ဘုရားတန်ဆောင်းများ၊ဓမ္မာရုံများ၌ မင်္ဂလသုတ်ပါဠိ၊အနက်၊သံပေါက်၊ပျို့ ၊လင်္ကာ၊ကဗျာသံများ သဲ့သဲ့ကြားနေရဆဲရှိနေခြင်းကပင်လျှင်မြန်မာပြည်၌ မင်္ဂလာတရားတွေ ရှင်သန်နေဆဲ၊ အသက်ဆက်နေဆဲ ဟု ဖြေဆည်ကြည်နူးရပေလိမ့်မည်။ “သင်မှသိ၊သိမှကျင့်၊ကျင့်မှရ” ဟု ရှေးပညာရှင်များမိန့် ဆိုထားခဲ့သည့်အတိုင်း သိအောင်သင်ကြားလေ့လာပြီးသည့်နောက် ကျင့်ကြံအားထုတ်ဖို့ လည်းလိုပါလိမ့်မည်။သို့ မှသာလျှင် ပစ္စုပ္ပန်၊သံသရာ နှစ်ဖြာသောကောင်းကျိုးချမ်းသာများကို ရရှိခံစားနိုင်ပေလိမ့်မည်။ လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါတို့ ၏ဆရာသခင်၊ကျေးဇူးရှင်ဖြစ်တော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် သတ္တလောကဟုဆိုအပ်သော သတ္တ၀ါအားလုံး၏ အကျိုးစီးပွါးအလို့ ငှါပွင့်တော်မူလာခြင်း ဖြစ်သည့်အားလျော်စွာ မင်္ဂလသုတ်တရားတော်ကိုလည်း သတ္တလောကကြီး တစ်ခုလုံး မကောင်းမှုဘေးအန္တရာယ် အပေါင်းမှကင်းစင်လွင့်ပျောက်ပါစေခြင်းအကျိုးငှါ ဟောကြားပြသဆုံးမတော်မူခဲ့ရခြင်းဖြစ်ပသည်။

This entry was posted by မောင်ထေရ. Bookmark the permalink.

Leave a Reply