မင်္ဂလာပါ အိုကမ္ဘာ (၄)

ကမ္ဘာလောကကြီး၏ မည်သို့ သောအရပ်ဒေသမှာပင်နေရပါစေ၊မြတ်စွာဘုရားဟောကြားတော်မူခဲ့သော (၃၈)ပါးသောမင်္ဂလာတရားနှင့်အညီ လိုက်နာကျင့်သုံး၊နေထိုင်မည်ဆိုပါက ကျင့်သုံးသူကိုယ်တိုင် ပစ္စုပ္ပန်၊သံသရာ ကြီးပွါးချမ်းသာခြင်းများကို မလွဲ၊မသွေ ခံစား၊စံစားရနိုင်ပေသည်။ ထို့ အတူ ကျင့်သုံးလိုက်နာသူ၏ ၀န်းကျင်၊အဖွဲ့အစည်းများသည်လည်း အေးချမ်းသာယာ ပျော်ရွှင်စရာကောင်းလာပေလိမ့်မည်။ယနေ့ လူသားတွေ တောင့်တမျှော်လင့်နေသော “ငြိမ်းချမ်းချစ်ကြည်စွာ အတူတကွလက်တွဲနေထိုင်ရေး”ဆိုသည်မှာ မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ရေးပင်မဟုတ်ပါလော။လူသားတိုင်း မင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်မည်ဆိုပါက ပြောနေသထက်ပင် လွယ်ကူလှပေ၏၊ ယနေ့ ကျင့်သုံးနေထိုင်လျှင် ယနေ့ ပင်ကမ္ဘာလောကကြီးငြိမ်းချမ်းသာယာလှပပြီး နေချင်စဖွယ်ချက်ချင်းဖြစ်လာပေလိမ့်မည်။မနက်ဖန်ကျင့်သုံးနေထိုင်လျှင် မနက်ဖန်မှ ငြိမ်းချမ်းသာယာလှပပေလိမ့်မည်။ယင်းသည်ပင်လျှင် တရားဓမ္မ၏ သဘာဝဓမ္မ၊နိယာမဓမ္မ၊သိန္ဒိဌိက၊အကာလိကဂုဏ ဖြစ်ပေတော့သည်။
ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာလှပဖို့  ဤကမ္ဘာလောကကြီး၌ နေထိုင်သူလူသားအားလုံးတွင် တာဝန်ရှိပေ၏၊ လူသားအားလုံးမင်္ဂလာတရားတော်နှင့်အညီ ကျင့်သုံးနေထိုင်ဖို့ အရေးသည် ကမ္ဘာလောကကြီးသာယာလှပဖို့ အရေးပင်ဖြစ်လေသည်။
ထို့ ကြောင့်ကမ္ဘာလောကကြီးကို ငြိမ်းချမ်းသာယာလှပစေလိုသောသူများသည် မြတ်ဗုဒ္ဓ၏မင်္ဂလာတရားတော်များကို ကမ္ဘာ့လူသားအားလုံးတို့ ထံ လက်ဆင့်ကမ်းဖြန့်ေ၀၇ပေလိမ့်မည်။ထိုသို့ လက်ဆင့်ကမ်းဖြန့် ဝေရာ၌ကား စေတနာဆန္ဒ ပြဌာန်းရုံမျှဖြင့် မလုံလောက်သေးပေ။

One thought on “မင်္ဂလာပါ အိုကမ္ဘာ (၄)”

  1. အရှင်ဘုရား အဆုံးမသတ်သေးဘူးလားဘုရား အရှင်ရဲ့ ဆောင်းပါးကို
    အပြည့်အစုံဖတ်ချင်လှပါပြီဘုရား။

Leave a Reply