ရွေးချယ်ခွင့်

သူငယ်ချင်းရေ...
နတ်ကနားစီးနေသူကို
ဆိုင်းတီးပြီးပင့်ပေးနေကြမှတော့
တကိုယ်ကောင်းဆန်ဆန်အတ္တတွေဟာ
အ၀တ်မပတ်ဘဲ-----------
ကပြရဲတာ မဆန်းပါဘူး။

"ဆန္ဒကိုသိက္ခာနဲ့ ထိမ်းပါ" တဲ့
အဲဒါကလဲ သူငယ်ချင်းရေ
ငွေပြန်မအမ်းချင်လို့ 
စပယ်ယာတွေ ရေးထားတဲ့
ဘတ်စ်ကားထဲက စာသားတစ်ခုရယ်ပါ။

သူငယ်ချင်းရေ...
မျှော်လင့်ချက်တွေ တပုံတခေါင်းကြီးပေးပြီး
လွှတ်တော်တက် အိပ်နေတဲ့အမတ်တွေထက်
ကာလကတ္တားအိမ်ယာမဲ့တွေရဲ့
မက်နေတဲ့အိပ်မက်ကမှ
တို့ အတွက်ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။

သူငယ်ချင်းရေ...
မင်းသားဖြစ်ချင်လို့ လဲမဟုတ်ပါဘူး
မဖြစ်ရလို့ ပတ်မကြီးကိုထိုးဖောက်မယ့်အထဲလဲမပါရပါဘူး...
ဒါပေမယ့်...
ဟန်ဆောင်ကောင်းရုံနဲ့ 
ဇာတ်လိုက်ခန့် တဲ့ခေတ်က
အခြားကမ္ဘာမှာတော့ ကုန်ပြီသူငယ်ချင်း။




ပေးဆပ်သူနှင့် ယူငင်သူ (၄)

မလေးရှားနိုင်ငံရှိ ဆရာတော်ဦးစရိယ၏ စရိယာရာမ ဆန်းဒေး စကူးကျောင်းသို့ ရောက်ရှိသောအခါတွင်ကား  မိမိ မသိသေးသော သူ၏လုပ်ငန်းစဉ်များကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသောကြောင့်  ၀မ်းမြောက်နုမော် သာဓုမခေါ်ပဲ မနေနိုင်၊မလေးစားပဲ မနေနိုင်ဖြစ်မိခဲ့ရလေ၏။ မိမိနှင့် ဆရာတော်ဦးစရိယ တို့မှာ တစ်ကျောင်းထဲတွင် အတူသတင်းသုံးခဲ့ဖူးသော မိတ်ဆွေများ ဖြစ်ကြသည်ကား မှန်ပေ၏။သို့သော် ယခု အခြေနေတွင်ကား အခြားနားကြီး ခြားနား၍ နေပြီ မဟုတ်လော။

ပေးဆပ်သူနှင့် ယူငင်သူ (၃)

ဘ၀မှာ မပေးဆပ်ခဲ့ဘဲ ရယူနေခြင်းဖြင့်သာ အချောင်ခိုနေခဲ့မိ၍လားတော့မသိ အဆင်မပြေမှုတွေက ဖိတ်စာ မပါဘဲ ဒလဟော ၀င်ရောက်လာနေပါတော့သည်။ အိန္ဒိယမှာ ပညာသင်နေသည်မှာ သုံးနှစ်ပြည့်ဘို့သုံးလ အလိုတွင်၊ မလေးရှားမှာနေသော ညီဝမ်းကွဲဖြစ်သော ဘိုခိုင်ထံမှ ဖုန်းဝင်လာလေသည်။ မယ်တော်ကြီး အသည်းအသန်ဖြစ်နေသည် ဆိုသောသတင်း ရလျှင်ရခြင်းပင် မြန်မာပြည်သို့ ပြန်ဖြစ်ခဲ့လေသည်။ တော်သေး သည်မှာ စာမေးပွဲ ဖြေဆိုပြီး အောင်စရင်းထွက်ချိန်ကို စောင့်နေသော အချိန်ဖြစ်၍ပင်။

သူလိုရဟန်း


DSC05545 

သူလိုရဟန်း ဟူသည်ကို လွန်ခဲ့သောနှစ်ပေါင်း . ၂၅၀၀.ကျော်ခန့်က အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလာန် အရှင်မဟာကဿပ အရှင်အာနန္ဒာ စသောမထေရ်ကျော် ရဟန်းတော်များနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူကြကုန်ပြီးသော အရိယာနွယ်ဝင်ထေရ် အရှင်သူမြတ်များ လွန်တော်မူကြကုန်ပြီးသော သမ္မုတိနွယ်ဝင်ထေရ် အရှင်သူမြတ်များတို့အား ရည်ညွန်းမည်မဟုတ်ပါဘဲ ယနေ့မျက်မှောက်ခေတ် သက်ရှိထင်ရှားရှိတော်မူသည့် မလေးရှားနိုင်ငံတွင် သီတင်း သုံးနေထိုင်တော် မူသော သီရီလင်္ကာ နိုင်ငံဖွား ကွာလာလန်ပူမြို့ သီရိလင်္ကာကျောင်းဆရာတော်ကို ရည်ညွန်းမည် ဖြစ်ပါသည်။

ပေးဆပ်သူနှင့် ယူငင်သူ (၂)

ကိုယ့်ပြည်သူ၊ပြည်သားတွေကို အထောက်အကူပြုနေတဲ့ လုပ်ရပ်တွေကို မိမိတို့အနေနဲ့ မကူညီနိုင်ရင်တောင်မှ၊  တနည်းအားဖြင့် ၀မ်းမြောက်နုမော် သာဓုမခေါ်နိုင်ရင်တောင်မှ မနှောင့်ယှက်သင့်ပါဘူးလေ၊ သူတို့က ငါတို့မလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှု့တွေ၊ပရဟိတ လုပ်ငန်းတွေ လုပ်နေတာပါလား  ဟု နှလုံးမသွင်းနိုင်ဘဲ၊နှောင့်နှေးအောင်၊မြန်မြန်ဆန်ဆန် မလည်ပတ်နိုင်အောင် လုပ်နေခြင်းသည်ပင် နှောင့်ယှက်ဖျက်ဆီးနေခြင်းပင်မဟုတ်ပါလော။နိုင်ငံတော်က မလုပ်ပေးနိုင်လို့ သူတို့ခမျာ    လခလဲမရ၊ တပြားတချပ်မှလဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမရှိပါပဲလျက် နိုင်ငံတော်၏ လိုအပ်ချက်တွေကို ဖြည့် စွက်လုပ်ကိုင်၊ကူညီပေးနေတာပါလားဟု နှလုံးသွင်းလိုက်မည်ဆိုပါက အချောင် ကုသိုလ် ရရှိနိုင်မည့် အခွင့်အရေးကို လက်လွတ်ခံပြီး၊အကုသိုလ်တွေကို ပျော်ပျော်ပါးပါးနဲ့ တလှေကြီး သိုလှောင်ထားနေကြသည်မှာ သူတို့ကို သူတို့ဂုဏ်ယူစရာဟု ထင်မြင်နေကြပုံ ရပေသည်။

ပေးဆပ်သူနှင့် ယူငင်သူ

လောက လူသားတွေ အပါအ၀င်၊ သက်ရှိ သတ္တ၀ါတွေ အားလုံးဟာ ပေးဆပ်သူ ဖြစ်ဘို`့ထက်၊ ရယူလိုသူများ ဖြစ်ချင်ကြပေ၏။ ထိုသို`့ရယူလိုကြသူ အများစုထဲတွင် ပေးဆပ်နေကြသူများကို ချီးမွမ်းထောပနာပြုသင့်၊ပြုထိုက်လှပေ၏။

ရှူဆေးရှိသလား?

မာတင်လူသားကင်း ကပြောဖူးတယ်-"၀မ်းနည်းကြေကွဲစရာအကောင်းဆုံးက လူဆိုး၊လူမိုက်တွေရဲ့ ရက်စက်ယုတ်မာမှူ မဟုတ်ဘဲ၊လူကောင်းတွေရဲ့ငြိမ်ခံနေခြင်းသာဖြစ်ပါတယ်"တဲ့ ဒီအဖြစ်မျိုးတွေက တကယ့်ဖြစ်ရပ်တွေနဲ့ ယှဉ်ထိုးပြီးကြည့်တဲ့ အခါမြင်သာထင်သာရှိနေခဲ့ပါတယ်။မာတင်လူသားကင်းကိုယ်တိုင်
လူမည်းတွေရဲ့အပေါ်ဖိနှိပ်ဆက်ဆံမှူတွေဆိတ်သုဉ်းဘို့  နှင့် ၊လူမည်းတွေကိုလည်းလူသားအဖြစ်အရာသွင်းဘို့ 
ဦးဆောင်လှုပ်ရှားခဲ့စဉ်က သူ့ ကိုယ်တွေ့ တွေကို အခြေခံပြီးမှ ဒီလိုညည်းညူသံမျိုးနဲ့ သူ့ ရဲ့အားမလို အားမရဖြစ်နေမှု ကို ယနေ့ မှတ်တမ်းအဖြစ်ကျန်ရှိနေခဲ့ တယ်လို့ ဆိုရပါလိမ့်မယ်။