ပေးဆပ်သူနှင့် ယူငင်သူ

လောက လူသားတွေ အပါအ၀င်၊ သက်ရှိ သတ္တ၀ါတွေ အားလုံးဟာ ပေးဆပ်သူ ဖြစ်ဘို`့ထက်၊ ရယူလိုသူများ ဖြစ်ချင်ကြပေ၏။ ထိုသို`့ရယူလိုကြသူ အများစုထဲတွင် ပေးဆပ်နေကြသူများကို ချီးမွမ်းထောပနာပြုသင့်၊ပြုထိုက်လှပေ၏။

တနည်းအားဖြင့် မုဒိတာပွါးကာ၊ သာဓုခေါ်ရုံမျှဖြင့် မိမိတို`့ကိုယ်တိုင်မှာလည်း ပတ္တာနုမောဒန ပုညကြိယာကုသိုလ်တွေ ရရှိနိုင်ပေသည်၊ ထို`့ကြောင့်ကိုယ်တိုင် ကောင်းမှူ`့ကုသိုလ်တွေ မပြုနိုင်ကြပေမယ့် သူများပြုထားသော ကုသိုလ်ကောင်းမှူ`့များကို မုဒိတာ ပွါးတတ်ကြစေရန် အင်မတန်မှ အရေးကြီးလှပေ၏။ ငွေမကုန် လူမပန်းဘဲ ကုသိုလ် ရနိုင်သောအခွင့် အရေးပင်မဟုတ်ပါလော။ မြန်မာ အများစုသည် ဗုဒ္ဓဘာသာဝင် ဖြစ်ကြပြီး ဘုရားဟောထားသော တရားတော်များကို နာကြားနေရ၊ ဖတ်မှတ်နေရပါလျက် မိမိမပြုနိုင်သော ကုသိုလ်ကောင်းမှု့များ ၊ ပရဟိတ လုပ်ငန်းများကို ပြုလုပ် စွမ်းဆောင်နိုင်သူများက ပြုလုပ်နေကြသော အခါများတွင် မုဒိတာ မပွါးနိုင်ကြဘဲ၊ အပြစ်ပြော ကဲ့ရဲ့ နှောက်ယှက်နေမှု့များပင် ကြားသိ မြင်တွေ`့နေရသည်မှာ အင်မတန်မှပင် ၀မ်းနည်းစရာ ကောင်းလှပေသည်။ အဘယ့်ကြောင့် မိမိကို မထိခိုက်စေသော၊ လောကကြီးအတွက် ပေးဆပ်နေကြသူများ၏ လုပ်ရပ်များကို နှောင့်ယှက်၊ ဟန်`့တား၊ ဖျက်ဆီးလိုနေကြပါသနည်း ဟူမူကား ထိုဖျက်ဆီးရေးသမားများသာလျှင် အသိဆုံးဖြစ်ပေမည်။  ငွေမကုန်ဘဲ ရရှိနိုင်မည့် ကုသိုလ်အခွင့်အရေးများကို လက်လွှတ်ခံကြပြီး၊ မစားရ၊ မသောက်ရ အကုသိုလ်များကို တထောကြီး လုယူနေကြသည်မှာ ရင်လေးဖွယ်ကောင်းလေစွ၊ ထိုလူများသည် မိဘတို`့၏ သွန်သင်ဆုံးမမှု့ မရခဲ့ကြ၍ပင်လော? ထိုလူများ၏ ဆုံးမသွန်သင်ခဲ့သော ဆရာများကပင် လိုအပ်နေခဲ့၍လော? ထိုလူများ ကျင်လည်နေရသော ၀န်းကျင် တစ်ခုကြောင့်ပင်လော? ထိုလူများ၏နှလုံးသာကပင် မည်းညစ်နေ၍လော? စာရေးသူ အထင်အရ ပြောရလျှင် ထိုဖျက်ဆီးရေးသမားများသည် အဆိုးမြင် ၀ါဒကို ဖက်တွယ်နေကြသောသူများ ဖြစ်ပေ၏။ တနည်းအားဖြင့် နှလုံးသွင်း မကောင်းသူများဖြစ်ကြပေ၏။
တလောက ဂျာနယ်တစ်ဆောင်တွင် ဖတ်လိုက်ရသော ရန်ကုန် နာရေးကူညီမှု့ အသင်းဥက္ကဌ ဦးကျော်သူ၏ ရင်ဖွင့်သံတွင်" သုခကုသိုလ်ဖြစ်၊ အခမဲ့ဆေးခန်းဖွင့်တယ်၊ ဖွင့်တဲ့အခါ တရားဝင်အဖွဲ့ မဟုတ်လို`့ပိတ်တယ်ဆိုတော့ သုံးရက်ပဲ ဖွင့်လိုက်ရတယ်၊ သုံးလ ပိတ်လိုက်ရတယ်။ အခုမျက်စိခွဲခန်း ခြောက်လရှိပြီ၊ ဂျပန်က စက်ပစ္စည်းနဲ`့ ခွဲခန်းအသစ်၊ ဆရာဝန်အသစ်၊ အားလုံး အသစ်လုပ်တယ်။ ခွဲခွင့်မပေးဘူး။ ဒီအတိုင်း ပိတ်ထားရတယ်။အဲဒါက အခက်အခဲပဲ။ လုပ်ငန်းလုပ် တဲ့နေရာမှာ အများပြည်သူကို ကူညီတဲ့နေရာမှာ အဆင်ပြေချောမွေ`့ဖို`့ ဒီမှတ်ပုံတင်က အရေးကြီးတယ်။' ဦးကျော်သူပြောပြသွားတာလေးပါ။

ဘ၀တု သဗ္ဗမင်္ဂလံ!

(ဆက်ရန် ရှိသေး၏)

Leave a Reply