ဘ၀မှာ မပေးဆပ်ခဲ့ဘဲ ရယူနေခြင်းဖြင့်သာ အချောင်ခိုနေခဲ့မိ၍လားတော့မသိ အဆင်မပြေမှုတွေက ဖိတ်စာ မပါဘဲ ဒလဟော ၀င်ရောက်လာနေပါတော့သည်။ အိန္ဒိယမှာ ပညာသင်နေသည်မှာ သုံးနှစ်ပြည့်ဘို့သုံးလ အလိုတွင်၊ မလေးရှားမှာနေသော ညီဝမ်းကွဲဖြစ်သော ဘိုခိုင်ထံမှ ဖုန်းဝင်လာလေသည်။ မယ်တော်ကြီး အသည်းအသန်ဖြစ်နေသည် ဆိုသောသတင်း ရလျှင်ရခြင်းပင် မြန်မာပြည်သို့ ပြန်ဖြစ်ခဲ့လေသည်။ တော်သေး သည်မှာ စာမေးပွဲ ဖြေဆိုပြီး အောင်စရင်းထွက်ချိန်ကို စောင့်နေသော အချိန်ဖြစ်၍ပင်။
ပေးဆပ်သူနှင့် ယူငင်သူ (၃)
1
September 25th, 2011
ashincariya