ဂုဏ်ယူတယ်
ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံကသာ
တိပိဋကသာသနာ့အာဇာနည်တွေပေါ်ထွန်းတာဂုဏ်ယူတယ်။
ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံသားတစ်ဦး
ကမ္ဘာ့ကုလသမဂ္ဂ အကြီးအကဲဖြစ်ခဲ့ဖူးတာဂုဏ်ယူတယ်။
ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံမှာ
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးရှိနေတာဂုဏ်ယူတယ်။
ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံအတွင်း
ဧရာဝတီမြစ်မင်းနဲ့  ရေဝေတောတောင်တွေအပေါ်မြတ်နိုးသူတွေရှိတာဂုဏ်ယူတယ်။
ကိုယ်သာအသုံးမကျရင်နေမယ်
ကိုယ့်နိုင်ငံဟာ
ဗြဟ္မစိုရ်တရားထွန်းကားတယ်ဆိုတဲ့ စကားဆက်လက်မှန်ကန်စေဖို့ 
ဘ၀တစ်ခုလုံး ပရဟိတနယ်မှာ"၀ကွက်"အပ်ရဲတဲ့ 
(ကိုမျိုး (မြန်မာစာ)က ၃၁-၈-၂၀၁၁ တွင်ကျရောက်သော ပြည်သူ့ အချစ်တော် ကိုကျော်သူတို့ ဇနီးမောင်နှံ၏
ပုလဲရတုမင်္ဂလာ လက်ဖွဲ့ ကဗျာ၊ အားကြို က်နှစ်သက်လွန်းသဖြင့် ကူးယူဖော်ပြပါကြောင်းဝန်ခံအပ်ပါသည်။)
Leave a Reply