မင်္ဂလာပါအိုကမ္ဘာ(၆)
"ဗုဒ္ဓသာသနာ၊ဤကမ္ဘာ၊ရောင်ဝါနေသို့ လင်းစေသော်" ဟုပါးစပ်ကမြန်မာလိုရွတ်ဆိုနေရုံဖြင့် ထွန်းလင်းမလာ
နိုင်သကဲ့သို ၊မြန်မာစကားကိုနားလည်သောသူများမှလွဲ၍ မည်သူမှလည်းနားလည်လိမ့်မည်မဟုတ်ပေ။အမှန်
တကယ်ဗုဒ္ဓသာသနာတော်မြတ်ကြီးကို ကမ္ဘာသို့ ထွန်းလင်းတောက်ပစေလိုလျှင် အထူးသဖြင့် ထေရ၀ါဒသာ
သနာကိုကမ္ဘာသို့ ဖြန့် ချီလိုလျှင်ဖြင့် ကမ္ဘာကနားလည်သော Language ကိုမိမိတို့ က နားလည်တတ်ကျွမ်းရ
ပေလိမ့်မည်။ထိုသို့ မဟုတ်ပါက နိုင်ငံခြားသာသာနာပြုဟု ဘယ်လောက်ပင်ကြွေးကြော်နေပါစေ နိုင်ငံခြား
မရောက်ခင်လေယာဉ်ပေါ်မှာ လေယာဉ်မယ်က International Language နဲ့ တစ်ခုခုလာမေးခဲ့လျှင် ဘာမေး
လို့ ၊ဘာပြန်ပြောရမှန်းမသိတာနှင့်ပင် ကြောင်ငေးနေရမှာကတော့ အသေချာပင်။နိုင်ငံခြားေ၇ာက်သွားပြီပဲ
ရှိပါစေဦးတော့၊အပေါ့၊အပါးသွားချင်လို့ မှ-Gen,Ladies တွေရေးထားတာတွေကိုကြည့်ပြီး ဘယ်ဝင်လို့ 
ဘယ်ထွက်ရမှန်းမသိတာနှင့်ပင် ပြန်ပြေးချင်စိတ်တွေက နှိပ်စက်ခံနေရပေလိမ့်မည်။မြန်မာပြည်တွင်
သံဃာတော်များ English Language ကိုသင်ယူတတ်ကျွမ်းဘို့ မလိုအပ်ဟု ယူဆသောဆ၇ာတော်များ၊
ဒကာ၊ဒကာမများက အားသာနေခဲ့သည်မှာ ယနေ့ အချိန်ထိပင်ဖြစ်သည်ဟုဆို၇ပေလိမ့်မည်။
မြန်မာပြည်တွင် အပြည်ပြည်ဆိုင်ရာထေရ၀ါဒ တက္ကသိုလ်၊နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(န.ပ.သ. ရန်ကုန်၊မန္တလေး)များရှိနေသည်မှာ မှန်ပေ၏။ထိုတက္ကသိုလ်များတွင် English Language ကိုသင်ကြားရသည်မှာလည်းအမှန်ပင်ဖြစ်ပါသည်။သို့ သော်အခြေခံဖြစ်သောသံဃာတော်များ၏
 ပရိယတ္တိပညာသင်ကြားရေးတွင်ပါဝင်ခြင်းမရှိသောကြောင့်သတ်မှတ်စာမေးပွဲများ
ေ အာင်မြင်ပြီးဖြစ်သော်လည်း ထိုတက္ကသိုလ်များသို့ တက်ခွင့်ရဖို့ ရာ "စည်းတဖက်မကခြား" နေပေတော့၏။ ထိုတက္ကသိုလ်များသို့ တက်ေ၇ာက်ပညာသင်ချင်၍ဖြစ်စေ၊English Language ကိုတတ်ကျွမ်းချင်၍ဖြစ်စေ သင်ယူလေ့လာရန်နည်းလမ်းမှာတစ်ခုတည်းသာရှိလေ၏။ထိုနည်းလမ်းမှာ ကျောင်းတိုက်စည်းကမ်းကို ချိုးဖောက်၍အပြင်ခိုးထွက်ပြီးသင်ယူလေ့လာရန်ပင်ဖြစ်လေ၏။စာရေးသူနေထိုင်ခဲ့ဖူးသော
ကျောင်းတိုက်၌ကား English Languageကိုသင်ယူလေ့လာခြင်းသည် အကြီးမားဆုံးသောပြစ်မှုကို ကျူးလွန်ခြင်းပင်တည်းဟု သတ်မှတ်ထားလေ၏၊သိလျှင်သိခြင်း ကျောင်းတိုက်မှ မောင်း၍
အထုတ်ခံရပေလိမ့်မည်။ထိုသို့ သောကျောင်းတိုက်များ၊ေ၇ှးရိုးစွဲ အယူသည်းဆ၇ာတော်များ အများအပြားရှိ
နေခြင်းကပင် "ဗုဒ္ဓသာသာနာ၊ဤကမ္ဘာ၊ရောင်ဝါနေသို့ လင်းစေသော်"ဟုရွတ်ဖတ်နေခြင်းနှင့်
ဖြောင့်ဖြောင့်ကြီးဆန့် ကျင်လျက်ရှိနေသည်ကို ပြယုဂ်ထုတ်နေခြင်းပင်ဖြစ်လေတော့၏။
မည်ကဲ့သို့ သောအခက်အခဲ၊အတားအဆီးများရှိ၍နေပါစေ၊ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိုးဖောက်ကျော်လွှား
ကာ English Language ကိုလေ့လာသင်ယူပြီးလျှင် ဗုဒ္ဓ၏ အဆုံးအမဖြစ်သော"မင်္ဂလာ"တရားတော်များ၊ဗုဒ္ဓ
ဓမ္မများကို ကမ္ဘာ့လူသားတို့ အားလုံးနားလည်နိုင်သော International Language ဖြန့် ဝေတော်မူလျက်မြန်မာ
နိုင်ငံ၏ဂုဏ်ကို ဆောင်တော်မူခဲ့ ကြ၊ဆောင်တော်မူဆဲဖြစ်ကြသော ဆရာတော်ဦးသေဋ္ဌိလ၊ချမ်းမြေ့ ဆရာ
တော်၊ရွှေတောင်ကုန်းဆ၇ာတော်၊သီတဂူဆ၇ာတော်တို့ ကဲ့ သို့ သောဆ၇ာတော်များလည်း အများအပြား
ပေါ်ထွန်းခဲ့သကဲ့သို့ နောင်အနာဂတ်တွင်လည်းမုချပင် ပေါ်ထွန်းလာပါလိမ့်ဦးမည်။ယနေ့ အိန္ဒိယ၊သီရိလင်္ကာ
စသောနိုင်ငံများ၌ ပညာသင်ကြားလျက်ရှိနေကြသော သံဃာတော်များသည်လည်း ထိုရှေးဆရာတော်များ၏
တာဝန်များကို ပခုံးပြောင်းတာဝန်ယူနိုင်ရန်နှင့် ကမ္ဘာလောကကြီးသာယာလှပစေဖို့ ရန် ဗုဒ္ဓ၏မင်္ဂလာတ၇ား
တော်များ၊ဗုဒ္ဓဓမ္မများကို ကမ္ဘာ့လူသားတို့ အားလုံးနားလည်စေနိုင်မည့် International Language ဖြင့်ဖြန့် ဝေ
နိုင်ရန်သင်ကြားဆည်းပူးနေကြခြင်းဖြစ်ပေ၏။ကမ္ဘာ့လူသားတွေအားလုံးကိုယ်စီ"မင်္ဂလာတရားတော်များ"
ကျင့်သုံးနေထိုင်ဖို့ အေ၇းသည် ကမ္ဘာလောကကြီး၏ ငြိမ်းချမ်းသာယာလှပရေးပင် မဟုတ်ပါလော။ကမ္ဘာ
ဖြင့် ထုံးမွမ်းထားလိုက်မည်ဆိုပါက ကမ္ဘာလူသားတို့ နေ့ စဉ်နှင့်အမျှထိတ်လန့် ခံစားနေကြရသော တိုက်ခိုက်၊
သတ်ဖြတ်မှု စသည့် ဘေးအန္တရာယ်တွေ ကင်းဝေးဆိတ်သုဉ်းပြီး၊ ငြိမ်းချမ်းသာယာလှပသော နေချင်စဖွယ်
ကမ္ဘာလောကကြီးဖြစ်လျက်"ကမ္ဘာ့လူသားတွေတောင့်တလျက်ရှိသော ငြိမ်းချမ်းသာယာစွာ အတူတကွ
လက်တွဲ နေထိုင်ရေး"ဆိုသည်ကို မျက်မှောက်ခံစားရသည့် ပစ္စုပ္ပန် ချမ်းသာအဖြစ် ခံစားပိုင်ဆိုင်ရပေလိမ့်
မည်။ကမ္ဘာ့လူသားအားလုံး မင်္ဂလာတရားတော်များကို ကျင့်သုံးနေထိုင်မည့်အချိန်အခါ၌ကား ကမ္ဘာ့လူသား
များနေထိုင်ရာ ကမ္ဘာလောကကြီးသည်လည်း ဗုဒ္ဓ၏ မင်္ဂလာတရာတော်များဖြင့်တန်ဆာဆင်ထားသော "မင်္ဂ
လာရွာ၊မင်္ဂလာကမ္ဘာကြီး"ဖြစ်နေပေလိမ့်မည်။ထိုအခါ မင်္ဂလာကမ္ဘာသူ၊မင်္ဂလာကမ္ဘာသားများအားလုံး နားလည်နိုင်သောမင်္ဂလာဘာသာစကားဖြင့် "မင်္ဂလာပါ.....အိုကမ္ဘာ"ဟု သံပြိုင်ရွတ်ဆိုသံတွေက ကမ္ဘာလော
ကကြီးတစ်ခုလုံးကို အေးချမ်းစွာ လွှမ်းခြုံနေလိမ့်မည်ဟု ယုံကြည်မြင်ယောင်မျှော်လင့်နေမိပါတော့သည်။
ဟော......... အခုတောင်သဲ့သဲ့ကြားလိုက်မိသည်ထင်ပါ၏။
"......မင်္ဂလာပါ........အို...ကမ္ဘာ....."
စာရေးသူနှင့်ထပ်တူ စာရှုသူများရဲ့ ရင်ထဲက ထွက်ကျလာတဲ့  ခပ်ဖွဖွ စေတနာဆန္ဒတွေ ထင်ပါရဲ့
( အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်မြန်မာရဟန်းတော်များ အဖွဲ့ ထုတ် န၀မနှစ် နှစ်ပါတ်လည်စာစောင်တွင်
ရေးသားခဲ့သော ဆောင်းပါးဖြစ်ပါသည်။)
သုခီ ဟောထ!
Leave a Reply