ေပးဆပ္သူႏွင့္ ယူငင္သူ (၃)

ဘ၀မွာ မေပးဆပ္ခဲ့ဘဲ ရယူေနျခင္းျဖင့္သာ အေခ်ာင္ခိုေနခဲ့မိ၍လားေတာ့မသိ အဆင္မေျပမွဳေတြက ဖိတ္စာ မပါဘဲ ဒလေဟာ ၀င္ေရာက္လာေနပါေတာ့သည္။ အိႏၵိယမွာ ပညာသင္ေနသည္မွာ သံုးႏွစ္ျပည့္ဘို႔သံုးလ အလိုတြင္၊ မေလးရွားမွာေနေသာ ညီ၀မ္းကြဲျဖစ္ေသာ ဘိုခိုင္ထံမွ ဖုန္း၀င္လာေလသည္။ မယ္ေတာ္ၾကီး အသည္းအသန္ျဖစ္ေနသည္ ဆိုေသာသတင္း ရလွ်င္ရျခင္းပင္ ျမန္မာျပည္သို႔ ျပန္ျဖစ္ခဲ့ေလသည္။ ေတာ္ေသး သည္မွာ စာေမးပြဲ ေျဖဆုိျပီး ေအာင္စရင္းထြက္ခ်ိန္ကို ေစာင့္ေနေသာ အခ်ိန္ျဖစ္၍ပင္။

သူလိုရဟန္း


DSC05545 

သူလုိရဟန္း ဟူသည္ကို လြန္ခဲ႔ေသာႏွစ္ေပါင္း . ၂၅၀၀.ေက်ာ္ခန္႔က အရွင္သာရိပုတၱရာ အရွင္မဟာေမာဂၢလာန္ အရွင္မဟာကႆပ အရွင္အာနႏၵာ စေသာမေထရ္ေက်ာ္ ရဟန္းေတာ္မ်ားႏွင္႔ ပရိနိဗၺာန္စံ၀င္ေတာ္မူၾကကုန္ျပီးေသာ အရိယာႏြယ္၀င္ေထရ္ အရွင္သူျမတ္မ်ား လြန္ေတာ္မူၾကကုန္ျပီးေသာ သမၼဳတိႏြယ္၀င္ေထရ္ အရွင္သူျမတ္မ်ားတုိ႔အား ရည္ညြန္းမည္မဟုတ္ပါဘဲ ယေန႔မ်က္ေမွာက္ေခတ္ သက္ရွိထင္ရွားရွိေတာ္မူသည္႔ မေလးရွားနုိင္ငံတြင္ သီတင္း သံုးေနထိုင္ေတာ္ မူေသာ သီရီလကၤာ နုိင္ငံဖြား ကြာလာလန္ပူျမိဳ႔ သီရိလကၤာေက်ာင္းဆရာေတာ္ကို ရည္ညြန္းမည္ ျဖစ္ပါသည္။

ေပးဆပ္သူႏွင့္ ယူငင္သူ (၂)

ကိုယ့္ျပည္သူ၊ျပည္သားေတြကို အေထာက္အကူျပဳေနတဲ့ လုပ္ရပ္ေတြကို မိမိတုိ႔အေနနဲ႔ မကူညီနိုင္ရင္ေတာင္မွ၊  တနည္းအားျဖင့္ ၀မ္းေျမာက္နုေမာ္ သာဓုမေခၚနုိင္ရင္ေတာင္မွ မေနွာင့္ယွက္သင့္ပါဘူးေလ၊ သူတုိ႔က ငါတုိ႔မလုပ္နုိင္တဲ ့ကုသိုလ္ေကာင္းမွဳ့ေတြ၊ပရဟိတ လုပ္ငန္းေတြ လုပ္ေနတာပါလား  ဟု နွလံုးမသြင္းနုိင္ဘဲ၊ေႏွာင့္ေႏွးေအာင္၊ျမန္ျမန္ဆန္ဆန္ မလည္ပတ္နုိင္ေအာင္ လုပ္ေနျခင္းသည္ပင္ ေႏွာင့္ယွက္ဖ်က္ဆီးေနျခင္းပင္မဟုတ္ပါေလာ။နုိင္ငံေတာ္က မလုပ္ေပးနုိင္လို႔ သူတို႔ခမ်ာ    လခလဲမရ၊ တျပားတခ်ပ္မွလဲ ကို္ယ္က်ိဳးအတြက္ သံုးစြဲျခင္းမရိွပါပဲလ်က္ နိုင္ငံေတာ္၏ လိုအပ္ခ်က္ေတြကုိ ျဖည့္ စြက္လုပ္ကိုင္၊ကူညီေပးေနတာပါလားဟု နွလံုးသြင္းလိုက္မည္ဆုိပါက အေခ်ာင္ ကုသုိလ္ ရရိွနုိင္မည့္ အခြင့္အေရးကို လက္လြတ္ခံျပီး၊အကုသိုလ္ေတြကုိ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ တေလွၾကီး သိုေလွာင္ထားေနၾကသည္မွာ သူတို႔ကို သူတုိ႔ဂုဏ္ယူစရာဟု ထင္ျမင္္ေနၾကပံု ရေပသည္။

ေပးဆပ္သူႏွင့္ ယူငင္သူ

ေလာက လူသားေတြ အပါအ၀င္၊ သက္ရွိ သတၱ၀ါေတြ အားလံုးဟာ ေပးဆပ္သူ ျဖစ္ဘို`့ထက္၊ ရယူလိုသူမ်ား ျဖစ္ခ်င္ၾကေပ၏။ ထိုသို`့ရယူလိုၾကသူ အမ်ားစုထဲတြင္ ေပးဆပ္ေနၾကသူမ်ားကို ခ်ီးမြမ္းေထာပနာျပဳသင့္၊ျပဳထိုက္လွေပ၏။

ရွဴေဆးရွိသလား?

မာတင္လူသားကင္း ကေျပာဖူးတယ္-"၀မ္းနည္းေၾကကြဲစရာအေကာင္းဆံုးက လူဆိုး၊လူမိုက္ေတြရဲ့ ရက္စက္ယုတ္မာမွူ မဟုတ္ဘဲ၊လူေကာင္းေတြရဲ့ျငိမ္ခံေနျခင္းသာျဖစ္ပါတယ္"တဲ ့ဒီအျဖစ္မ်ိဳးေတြက တကယ့္ျဖစ္ရပ္ေတြနဲ ့ယွဥ္ထိုးျပီးၾကည့္တဲ ့အခါျမင္သာထင္သာရွိေနခဲ့ပါတယ္။မာတင္လူသားကင္းကိုယ္တုိင္
လူမည္းေတြရဲ့အေပၚဖိနွိပ္ဆက္ဆံမွူေတြဆိတ္သုဥ္းဘို ့ ႏွင္ ့၊လူမည္းေတြကိုလည္းလူသားအျဖစ္အရာသြင္းဘုိ ့
ဦးေဆာင္လွဳပ္ရွားခဲ့စဥ္က သူ ့ကုိယ္ေတြ ့ေတြကို အေျခခံျပီးမွ ဒီလိုညည္းညဴသံမ်ိဳးနဲ ့သူ ့ရဲ့အားမလုိ အားမရျဖစ္ေနမွဳ ကို ယေန ့မွတ္တမ္းအျဖစ္က်န္ရွိေနခဲ ့တယ္လုိ ့ဆိုရပါလိမ့္မယ္။

ဂုဏ္ယူတယ္

ကိုယ္သာအသံုးမက်ရင္ေနမယ္
ကို္ယ့္နုိင္ငံကသာ
တိပိဋကသာသနာ့အာဇာနည္ေတြေပၚထြန္းတာဂုဏ္ယူတယ္။
ကိုယ္သာအသံုးမက်ရင္ေနမယ္
ကိုယ့္နုိင္ငံသားတစ္ဦး
ကမၻာ့ကုလသမဂၢ အၾကီးအကဲျဖစ္ခဲ့ဖူးတာဂုဏ္ယူတယ္။
ကိုယ္သာအသံုးမက်ရင္ေနမယ္
ကုိယ့္နုိင္ငံမွာ
ျငိမ္းခ်မ္းေရးနုိဘယ္ဆုရွင္တစ္ဦးရွိေနတာဂုဏ္ယူတယ္။
ကုိယ္သာအသံုးမက်ရင္ေနမယ္
ကိုယ့္နိုင္ငံအတြင္း
ဧရာ၀တီျမစ္မင္းနဲ ့ ေရေ၀ေတာေတာင္ေတြအေပၚျမတ္နိဳးသူေတြရွိတာဂုဏ္ယူတယ္။
ကုိယ္သာအသံုးမက်ရင္ေနမယ္
ကိုယ့္နုိင္ငံဟာ
ျဗဟၼစိုရ္တရားထြန္းကားတယ္ဆိုတဲ ့စကားဆက္လက္မွန္ကန္ေစဖို ့
ဘ၀တစ္ခုလံုး ပရဟိတနယ္မွာ"၀ကြက္"အပ္ရဲတဲ ့
"ဇနီးေမာင္ႏွံရဲ  ့ပုလဲရတု"အတြက္လဲဂုဏ္ယူတယ္။


(ကိုမ်ိဳး (ျမန္မာစာ)က ၃၁-၈-၂၀၁၁ တြင္က်ေရာက္ေသာ ျပည္သူ ့အခ်စ္ေတာ္ ကိုေက်ာ္သူတုိ ့ဇနီးေမာင္နွံ၏
ပုလဲရတုမဂၤလာ လက္ဖြဲ ့ကဗ်ာ၊ အားၾကိဳ က္ႏွစ္သက္လြန္းသျဖင့္ ကူးယူေဖာ္ျပပါေၾကာင္း၀န္ခံအပ္ပါသည္။)


မဂၤလာပါအုိကမၻာ(၆)

"ဗုဒၶသာသနာ၊ဤကမၻာ၊ေရာင္၀ါေနသို ့လင္းေစေသာ္" ဟုပါးစပ္ကျမန္မာလိုရြတ္ဆုိေနရံုျဖင့္ ထြန္းလင္းမလာ
နုိင္သကဲ့သို ၊ျမန္မာစကားကိုနားလည္ေသာသူမ်ားမွလြဲ၍ မည္သူမွလည္းနားလည္လိမ့္မည္မဟုတ္ေပ။အမွန္
တကယ္ဗုဒၶသာသနာေတာ္ျမတ္ၾကီးကို ကမၻာသို ့ထြန္းလင္းေတာက္ပေစလုိလွ်င္ အထူးသျဖင့္ ေထရ၀ါဒသာ
သနာကုိကမၻာသုိ ့ျဖန္ ့ခ်ီလိုလွ်င္ျဖင့္ ကမၻာကနားလည္ေသာ Language ကိုမိမိတုိ ့က နားလည္တတ္ကြ်မ္းရ
ေပလိမ့္မည္။ထိုသို ့မဟုတ္ပါက နုိင္ငံျခားသာသာနာျပဳဟု ဘယ္ေလာက္ပင္ေၾကြးေၾကာ္ေနပါေစ နုိင္ငံျခား
မေရာက္ခင္ေလယာဥ္ေပၚမွာ ေလယာဥ္မယ္က International Language နဲ ့တစ္ခုခုလာေမးခဲ့လွ်င္ ဘာေမး
လုိ ့၊ဘာျပန္ေျပာရမွန္းမသိတာႏွင့္ပင္ ေၾကာင္ေငးေနရမွာကေတာ့ အေသခ်ာပင္။နုိင္ငံျခားေ၇ာက္သြားျပီပဲ
ရွိပါေစဦးေတာ့၊အေပါ့၊အပါးသြားခ်င္လို ့မွ-Gen,Ladies ေတြေရးထားတာေတြကိုၾကည့္ျပီး ဘယ္၀င္လို ့
ဘယ္ထြက္ရမွန္းမသိတာနွင့္ပင္ ျပန္ေျပးခ်င္စိတ္ေတြက ႏွိပ္စက္ခံေနရေပလိမ့္မည္။ျမန္မာျပည္တြင္
သံဃာေတာ္မ်ား English Language ကုိသင္ယူတတ္ကြ်မ္းဘို ့မလိုအပ္ဟု ယူဆေသာဆ၇ာေတာ္မ်ား၊
ဒကာ၊ဒကာမမ်ားက အားသာေနခဲ့သည္မွာ ယေန ့အခ်ိန္ထိပင္ျဖစ္သည္ဟုဆုိ၇ေပလိမ့္မည္။
ျမန္မာျပည္တြင္ အျပည္ျပည္ဆုိင္ရာေထရ၀ါဒ တကၠသုိလ္၊နုိင္ငံေတာ္ပရိယတၱိသာသနာ့တကၠသုိလ္(န.ပ.သ. ရန္ကုန္၊မႏၱေလး)မ်ားရွိေနသည္မွာ မွန္ေပ၏။ထိုတကၠသုိလ္မ်ားတြင္ English Language ကုိသင္ၾကားရသည္မွာလည္းအမွန္ပင္ျဖစ္ပါသည္။သို ့ေသာ္အေျခခံျဖစ္ေသာသံဃာေတာ္မ်ား၏
 ပရိယတၱိပညာသင္ၾကားေရးတြင္ပါ၀င္ျခင္းမရွိေသာေၾကာင့္သတ္မွတ္စာေမးပြဲမ်ား
ေ အာင္ျမင္ျပီးျဖစ္ေသာ္လည္း ထိုတကၠသိုလ္မ်ားသို ့တက္ခြင့္ရဖို ့ရာ "စည္းတဖက္မကျခား" ေနေပေတာ့၏။ ထိုတကၠသိုလ္မ်ားသို ့တက္ေ၇ာက္ပညာသင္ခ်င္၍ျဖစ္ေစ၊English Language ကုိတတ္ကြ်မ္းခ်င္၍ျဖစ္ေစ သင္ယူေလ့လာရန္နည္းလမ္းမွာတစ္ခုတည္းသာရွိေလ၏။ထိုနည္းလမ္းမွာ ေက်ာင္းတုိက္စည္းကမ္းကို ခ်ိဳးေဖာက္၍အျပင္ခိုးထြက္ျပီးသင္ယူေလ့လာရန္ပင္ျဖစ္ေလ၏။စာေရးသူေနထိုင္ခဲ့ဖူးေသာ
ေက်ာင္းတုိက္၌ကား English Languageကုိသင္ယူေလ့လာျခင္းသည္ အၾကီးမားဆံုးေသာျပစ္မွဳကုိ က်ဴးလြန္ျခင္းပင္တည္းဟု သတ္မွတ္ထားေလ၏၊သိလွ်င္သိျခင္း ေက်ာင္းတုိက္မွ ေမာင္း၍
အထုတ္ခံရေပလိမ့္မည္။ထိုသို ့ေသာေက်ာင္းတုိက္မ်ား၊ေ၇ွးရိုးစဲြ အယူသည္းဆ၇ာေတာ္မ်ား အမ်ားအျပားရွိ
ေနျခင္းကပင္ "ဗုဒၶသာသာနာ၊ဤကမၻာ၊ေရာင္၀ါေနသို ့လင္းေစေသာ္"ဟုရြတ္ဖတ္ေနျခင္းနွင့္
ေျဖာင့္ေျဖာင့္ၾကီးဆန္ ့က်င္လ်က္ရွိေနသည္ကို ျပယုဂ္ထုတ္ေနျခင္းပင္ျဖစ္ေလေတာ့၏။
မည္ကဲ့သို ့ေသာအခက္အခဲ၊အတားအဆီးမ်ားရွိ၍ေနပါေစ၊ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ ထိုးေဖာက္ေက်ာ္လွြား
ကာ English Language ကိုေလ့လာသင္ယူျပီးလွ်င္ ဗုဒၶ၏ အဆံုးအမျဖစ္ေသာ"မဂၤလာ"တရားေတာ္မ်ား၊ဗုဒၶ
ဓမၼမ်ားကို ကမၻာ့လူသားတို ့အားလံုးနားလည္နုိင္ေသာ International Language ျဖန္ ့ေ၀ေတာ္မူလ်က္ျမန္မာ
နုိင္ငံ၏ဂုဏ္ကို ေဆာင္ေတာ္မူခဲ ့ၾက၊ေဆာင္ေတာ္မူဆဲျဖစ္ၾကေသာ ဆရာေတာ္ဦးေသ႒ိလ၊ခ်မ္းေျမ ့ဆရာ
ေတာ္၊ေရွြေတာင္ကုန္းဆ၇ာေတာ္၊သီတဂူဆ၇ာေတာ္တုိ ့ကဲ ့သုိ ့ေသာဆ၇ာေတာ္မ်ားလည္း အမ်ားအျပား
ေပၚထြန္းခဲ့သကဲ့သို ့ေနာင္အနာဂတ္တြင္လည္းမုခ်ပင္ ေပၚထြန္းလာပါလိမ့္ဦးမည္။ယေန ့အိႏၵိယ၊သီရိလကၤာ
စေသာနုိင္ငံမ်ား၌ ပညာသင္ၾကားလ်က္ရွိေနၾကေသာ သံဃာေတာ္မ်ားသည္လည္း ထုိေရွးဆရာေတာ္မ်ား၏
တာ၀န္မ်ားကို ပခုံးေျပာင္းတာ၀န္ယူနုိင္ရန္ႏွင့္ ကမၻာေလာကၾကီးသာယာလွပေစဖို ့ရန္ ဗုဒၶ၏မဂၤလာတ၇ား
ေတာ္မ်ား၊ဗုဒၶဓမၼမ်ားကို ကမၻာ့လူသားတို ့အားလံုးနားလည္ေစနုိင္မည့္ International Language ျဖင့္ျဖန္ ့ေ၀
နုိင္ရန္သင္ၾကားဆည္းပူးေနၾကျခင္းျဖစ္ေပ၏။ကမၻာ့လူသားေတြအားလံုးကိုယ္စီ"မဂၤလာတရားေတာ္မ်ား"
က်င့္သံုးေနထိုင္ဖို ့အေ၇းသည္ ကမၻာေလာကၾကီး၏ ျင္ိမ္းခ်မ္းသာယာလွပေရးပင္ မဟုတ္ပါေလာ။ကမၻာ
ေလာကၾကီးျငိမ္းခ်မ္းသာယာလွပဖို ့ဗုဒၶ၏မဂၤလာတရားေတာ္တို ့ျဖင့္ ကမၻာအနွံ ့သို  ့ေ၀ငွျဖန္ ့ျဖဴးရန္ ဤအရွင္ျမတ္မ်ားက ေျခလွမ္းျပင္ဆင္ေနၾကေပျပီ။ကမၻာေလာကၾကီးတစ္ခုလံုးကို ျမတ္ဗုဒၶ၏ အဆံုးအမတို ့
ျဖင့္ ထံုးမြမ္းထားလိုက္မည္ဆုိပါက ကမၻာလူသားတို ့ေန ့စဥ္နွင့္အမွ်ထိတ္လန္ ့ခံစားေနၾကရေသာ တိုက္ခိုက္၊
သတ္ျဖတ္မွဳ စသည့္ ေဘးအႏၱရာယ္ေတြ ကင္းေ၀းဆိတ္သုဥ္းျပီး၊ ျငိမ္းခ်မ္းသာယာလွပေသာ ေနခ်င္စဖြယ္
ကမၻာေလာကၾကီးျဖစ္လ်က္"ကမၻာ့လူသားေတြေတာင့္တလ်က္ရွိေသာ ျငိမ္းခ်မ္းသာယာစြာ အတူတကြ
လက္တဲြ ေနထိုင္ေရး"ဆိုသည္ကို မ်က္ေမွာက္ခံစားရသည့္ ပစၥဳပၸန္ ခ်မ္းသာအျဖစ္ ခံစားပိုင္ဆိုင္ရေပလိမ့္
မည္။ကမၻာ့လူသားအားလံုး မဂၤလာတရားေတာ္မ်ားကို က်င့္သံုးေနထုိင္မည့္အခ်ိန္အခါ၌ကား ကမၻာ့လူသား
မ်ားေနထိုင္ရာ ကမၻာေလာကၾကီးသည္လည္း ဗုဒၶ၏ မဂၤလာတရာေတာ္မ်ားျဖင့္တန္ဆာဆင္ထားေသာ "မဂၤ
လာရြာ၊မဂၤလာကမၻာၾကီး"ျဖစ္ေနေပလိမ့္မည္။ထိုအခါ မဂၤလာကမာၻသူ၊မဂၤလာကမၻာသားမ်ားအားလံုး နားလည္နုိင္ေသာမဂၤလာဘာသာစကားျဖင့္ "မဂၤလာပါ.....အုိကမၻာ"ဟု သံျပိဳင္ရြတ္ဆိုသံေတြက ကမၻာေလာ
ကၾကီးတစ္ခုလံုးကို ေအးခ်မ္းစြာ လွြမ္းျခံဳေနလိမ့္မည္ဟု ယံုၾကည္ျမင္ေယာင္ေမွ်ာ္လင့္ေနမိပါေတာ့သည္။
ေဟာ......... အခုေတာင္သဲ့သဲ့ၾကားလိုက္မိသည္ထင္ပါ၏။
"......မဂၤလာပါ........အို...ကမၻာ....."

စာေရးသူနွင့္ထပ္တူ စာရွုသူမ်ားရဲ ့ရင္ထဲက ထြက္က်လာတဲ ့ ခပ္ဖြဖြ ေစတနာဆႏၵေတြ ထင္ပါရဲ့


( အိႏၵိယနုိင္ငံဆုိင္ရာပညာသင္ျမန္မာရဟန္းေတာ္မ်ား အဖြဲ ့ထုတ္ န၀မႏွစ္ ႏွစ္ပါတ္လည္စာေစာင္တြင္
ေရးသားခဲ့ေသာ ေဆာင္းပါးျဖစ္ပါသည္။)

သုခီ ေဟာထ!